Terms of Service

စည်းမျဉ်းနှင့် စည်းကမ်းချက်များ

၁။ အထွေထွေ သဘောတူညီချက် (General Terms)

LoopX Website သို့ ဝင်ရောက်အသုံးပြုခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်ခြင်းဖြင့် ဤစည်းမျဉ်းစည်းကမ်းများကို အလိုအလျောက် သဘောတူလက်ခံပြီးဖြစ်ပါသည်။ ဝန်ဆောင်မှု ဈေးနှုန်းများသည် ငွေလဲလှယ်နှုန်း (Exchange Rate) အပေါ်မူတည်၍ အချိန်မရွေး အပြောင်းအလဲ ရှိနိုင်ပါသည်။

၂။ သုံးစွဲသူ၏ တာဝန်များ (User Responsibilities)

  • ဝယ်ယူရာတွင် မိမိ၏ Game ID / Zone ID ကို မှန်ကန်စွာ ဖြည့်သွင်းရန်မှာ ဝယ်ယူသူ၏ အဓိကတာဝန် ဖြစ်ပါသည်။
  • ID အမှားဖြည့်သွင်းမှုကြောင့် အခြားအကောင့်တစ်ခုသို့ ငွေရောက်ရှိသွားပါက LoopX မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
  • ငွေလွှဲပြေစာ (Slip) အတုများဖြင့် လိမ်လည်ဝယ်ယူခြင်းများကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ အကောင့်အား အပြီးတိုင် ပိတ်သိမ်း (Ban) မည်ဖြစ်ပြီး၊ လိုအပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။ ဝန်ဆောင်မှု နှောင့်နှေးခြင်း (Service Delays)

LoopX သည် အမြန်ဆန်ဆုံး ဝန်ဆောင်မှုပေးရန် အာမခံသော်လည်း၊ Game Server ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများ (Maintenance) သို့မဟုတ် ငွေကြေးဝန်ဆောင်မှု (Bank/Kpay) များ၏ ချို့ယွင်းချက်များကြောင့် ကြန့်ကြာမှုများ ရှိလာနိုင်ပါသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် Customer Service မှ အမြန်ဆုံး ဖြေရှင်းကူညီပေးသွားမည် ဖြစ်ပါသည်။