Privacy Policy

ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ မူဝါဒ

၁။ သတင်းအချက်အလက် ရယူခြင်း (Information Collection)

LoopX ဝန်ဆောင်မှုများကို အသုံးပြုရာတွင် လူကြီးမင်းတို့၏ အမည်၊ ဖုန်းနံပါတ်၊ ဂိမ်း ID နှင့် Email (ဒစ်ဂျစ်တယ် ထုတ်ကုန်များအတွက်) စသည့် အချက်အလက်များကို ဝယ်ယူမှု လုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက်သာ ရယူမည်ဖြစ်ပါသည်။ ငွေပေးချေမှုဆိုင်ရာ လျှို့ဝှက်အချက်အလက်များကို ကျွန်ုပ်တို့ဘက်မှ သိမ်းဆည်းထားခြင်း လုံးဝမရှိပါ။

၂။ အချက်အလက်များ အသုံးပြုခြင်း (Use of Information)

ရရှိလာသော အချက်အလက်များကို အောက်ပါကိစ္စရပ်များအတွက်သာ အသုံးပြုပါသည်-

  • ဝယ်ယူထားသော ဂိမ်းငွေဖြည့်သွင်းမှု (Top-up) များကို မှန်ကန်စွာ ထည့်သွင်းပေးနိုင်ရန်။
  • ဝယ်ယူမှု အခြေအနေနှင့် ပတ်သက်၍ အကြောင်းကြားစာ (Notification) များ ပေးပို့နိုင်ရန်။
  • Customer Service မှ လိုအပ်သော အကူအညီများ လျင်မြန်စွာ ပေးနိုင်ရန်။

၃။ အချက်အလက် လုံခြုံရေး (Data Security)

လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံသော Database စနစ်များဖြင့် သိမ်းဆည်းထားပြီး၊ ခွင့်ပြုချက်မရှိဘဲ တတိယအဖွဲ့အစည်း (Third Parties) များထံသို့ ရောင်းချခြင်း၊ မျှဝေခြင်း လုံးဝ (လုံးဝ) ပြုလုပ်မည် မဟုတ်ကြောင်း ကတိပြုပါသည်။